Local News: ရန်ကုန်တိုင်းတိုင်းမှာ ဆိုင်ကယ်စီးခွင့်ပေးဖို့ တိုင်းလွှတ်တော်မှာ အတည်ပြု

ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့နယ်မြေတွေ သတ်မှတ်ပေးဖို့အဆိုကို အတည်ပြုခဲ့တာပါ။

play
ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဆိုင်ကယ်စီးနင်းနေကြသည်ကို တွေ့ရစဉ်။

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့နယ်မြေတွေ သတ်မှတ်ပေးဖို့အဆိုကို ဒီနေ့ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြု လိုက်တာကြောင့်  ၂၀၁၇ နှစ်ဆန်းပိုင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဒဂုံမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

play

 

အောင်တိုဘာလ ၂၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ဆွေးနွေးကြရာမှာ ကန့်ကွက်သူတစ်ဦးရှိလို့  မဲခွဲဆုံးဖြတ်ခဲ့ပြီး အဆိုကိုထောက်ခံမဲ ၆၆ မဲ ကန့်ကွက်မဲ ၃၉ မဲ နဲ့ အနိုင်ရရှိခဲ့တာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဆိုင်ကယ်စီးနင်းသူတွေအနေနဲ့ အစိုးရအဖွဲ့ကထုတ်ပြန်မယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်မှာဖြစ်ပြီး ဖောက်ဖျက်သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမယ့် အချက်တွေကိုလည်း အဆိုမှာထည့်သွင်းထားတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

Source : rfa

Photos : MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ