Local News: ဖားကန့်ကျောက်စိမ်းတုံးကြီးကို သိန်း ၇၀၀၀၀ ကျော်နဲ့ ဈေးဖြတ်

အစိုးရက ၂၅ ရာခိုင်နှုန်း၊ လုပ်ငန်းရှင်က ၇၅ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။

play

 

ဖားကန့်ဒေသမှာ အောက်တိုဘာ ဒုတိယပတ်က တွေ့ရှိခဲ့တဲ့  ကျောက်စိမ်းအရိုင်းတုံးကြီးကို အစိုးရက ကျပ်သိန်း ၇၀၀၀၀ ကျော်နဲ့ တန်ဖိုးသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အလေးချိန် ၁၇၄ ဒသမ ၆ တန်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးကို ကျောက်မျက်ရတနာ ဥပဒေအရ အစိုးရက ၂၅ ရာခိုင်နှုန်း၊ လုပ်ငန်းရှင်က ၇၅ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး  တွေ့ရှိခဲ့တဲ့  ရတနာတောင်တန်းကုမ္ပဏီကို  လက်ရှိမှာ တွင်းဝအခွန်အဖြစ် ကျပ်သိန်း ၁၅,၀၀၀ ဆောင်ဖို့  ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တစ်ပတ်ကျော်ကြာ စစ်ဆေးတိုင်းတာမှုတွေ ပြုလုပ်ပြီးနောက်မှာ အခုလို တန်ဖိုးသတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ကျောက်စိမ်းတုံးကြီးဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကျောက်စိမ်းအရိုင်းတုံးဖြစ်လာနိုင်ပြီး ပညာရှင်တွေရဲ့အဆိုအရ ကျောက်စိမ်းတုံးတန်ဖိုးဟာ ဒေါ်လာသန်း ၁၇၀ ခန့်ရှိမယ်လို့ ခန့်မှန်းကြောင်း Daily Mail ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားတယ်လို့လည်း သိရပါတယ်။

Source: 7Day Daily
Photos: EPA (ဇော်မိုးထက်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ