Local News: အင်လျားကန်ပေါင်မှာ အမျိုးသားတစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ

လူငယ်အချင်းချင်း နောက်ပြောင်ရာကနေ  ဖြစ်ပွားခဲ့တာလို့ ရဲအရာရှိ တစ်ဦးက ပြောထားပါတယ်။

play

 

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အင်းလျားကန်ပေါင်မှာ အမျိုးသားအချင်းချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်ခံရသူ အမျိုးသားကို အောက်တိုဘာ ၂၅ ရက် မနက် ၄ နာရီ ခန့်မှာ လေ့ကျင့်ခန်းလုပ်သူတွေက ကန်ပေါင်မှာ တွေ့ခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်နောက်ပိုင်း သွေးတွေထွက်ကာ သတိကောင်းကောင်း မရတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီပေးခဲ့သူတွေက ပြောကြားထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခံရသူဟာ ဗဟန်းမြို့နယ်နေထိုင်သူတစ်ဦးဖြစ်ပြီး မျက်နှာမှာလည်း အထိုးခံထားရတာတွေကို တွေ့ရတယ်လို့လည်း သိရပါတယ်။

 အဆိုပါအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှုမဟုတ်ဘဲ လူငယ်အချင်းချင်း နောက်ပြောင်ရာကနေ  ဖြစ်ပွားခဲ့တာလို့ ရဲအရာ ရှိတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ