Local News: ရန်ကုန်မြို့ မြေအောက်ရေသုံးစွဲမှု ၂၀၄၀ မှာ ရပ်ဆိုင်းမယ်

မြေအောက်ရေ ထုတ်ယူမှုပမာဏ လျော့ကျလာတာတွေကြောင့်လည်း  မြေအောက်ရေသုံးစွဲမှုအစီအစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ရခြင်းဖြစ်တယ်။

play

 

 ရန်ကုန်မြို့ရဲ့  မြေအောက်ရေသုံးစွဲမှုကို လာမယ့်၂၀၄၀ ပြည့်နှစ်မှာ ရပ်ဆိုင်းမယ်လို့  ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီက မြန်မာရေနေ့ အခမ်းအနားမှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ သောက်သုံးရေ လိုအပ်ချက်ကို မြစ်ရေနဲ့ ဆည်ကြီးတွေကနေ ဖြည့်ဆည်းပေးဖို့ စီမံကိန်းတွေရှိနေတာကြောင့်  မြေအောက်ရေသုံးစွဲမှု ရပ်ဆိုင်းမှာဖြစ်ပြီး လူနေမှုပုံစံ ပြောင်းလဲလာခြင်းနဲ့ မိုးရေရရှိမှု လျော့နည်းလာခြင်းတွေကြောင့်  မြေအောက်ရေ ထုတ်ယူမှုပမာဏ လျော့ကျလာတာတွေကြောင့်လည်း  မြေအောက်ရေ သုံးစွဲမှုအစီအစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဆည်စီမံကိန်း လေးခု၊ မြစ်နှစ်စင်းတို့ကနေ  ဖြည့်ဆည်းဖို့ လျာထားတာဖြစ်ပြီး ဆည်စီမံကိန်းတွေကို  ဂျိုးဖြူစီမံကိန်း၊ ငမိုးရိပ်စီမံကိန်း အပိုင်းတစ်နဲ့ နှစ်၊ ကုက္ကိုင်ဝစီမံကိန်း၊ လဂွမ်းပြင်စီမံကိန်းတို့ဖြစ်ကာ မြစ်နှစ်စင်းကတော့ ကုက္ကိုင်ဝမြစ်နဲ့ တိုးမြစ်တို့ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ