Local News: ထိုင်ခုံခါးပတ် မပတ်တာတွေကို နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး အရေးယူတော့မယ်

ဒဏ်ကြေးငွေအဖြစ် သုံးသောင်းကျပ်ကနေ သုံးသိန်းကျပ်အတွင်းချမှတ်သွားမယ်လို့ သိရပါတယ်။

play

 

မော်တော်ယာဉ်မောင်းနှင်နေတုန်း ယာဉ်မောင်းသူတွေနဲ့ လိုက်ပါစီးနင်းသူတွေ ထိုင်ခုံခါးပတ် မပတ်တာတွေကို နိုဝင်ဘာ ၁ ရက်ကစပြီး စစ်ဆေးအရေးယူသွားမယ်လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

‘‘ယာဉ်မောင်းနေစဉ်အတွင်း ခါးပတ်မပတ်တာနဲ့ပတ်သက်လို့ အစီအမံလုပ်နေတဲ့အထဲမှာ အခု ပညာပေးအနေနဲ့ လိုက်ပြောနေ တယ်။ အခုတော့ မဖမ်းသေးဘူး။ နိုဝင်ဘာ ၁ ရက်ကစပြီး ဖမ်းတော့မယ်။ အဝေးပြေးကားတွေရော၊ အိမ်စီးကားရော၊ ကားပေါ်မှာ စီးနင်းလိုက်ပါတဲ့သူတွေ အကုန်လုံး ခါးပတ်မပတ်ရင် အရေးယူဒဏ်ရိုက်သွားမယ်’’လို့ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီးအောင်ကိုဦးက ပြောပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ကိုယ်ပိုင်ယာဉ်မောင်းသူတွေနဲ့ လိုက်ပါစီးနင်းသူတွေ၊ အငှားယာဉ်မောင်းသူတွေနဲ့ အဝေးပြေးယာဉ်လိုင်း မောင်းနှင်သူတွေ ခါးပတ်မပတ်ရင်  ဒဏ်ကြေးငွေအဖြစ် သုံးသောင်းကျပ်ကနေ သုံးသိန်းကျပ်အတွင်း တရားရုံးရဲ့အမိန့်အရ ကောက်ခံ အရေးယူသွားမယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကြောင့် အသက်သေဆုံးသူ ၂,၁၉၅ ဦးရှိပြီး ယာဉ်မောင်းသူတွေနဲ့ လိုက်ပါစီးနင်းသူတွေက ထိုင်ခုံခါးပတ်မသုံးကြလို့ သေဆုံးမှုအများဆုံးဖြစ်နေတယ်လို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက ထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photos : 7DayDaily,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ