Local News: ရန်ကုန်မှာ လျှပ်စစ်ဓာတ်အား တစ်ယူနစ် ၁၂၀ ကျပ်နဲ့ ရောင်းမယ်

Consortium of National Infrastructure Holding ကုမ္ပဏီအုပ်စုက ရောင်းချမှာ ဖြစ်ပါတယ်။

play

 

ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက်  လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် စက်ရုံစီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီအုပ်စုက ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကို တစ်ယူနစ် အမေရိကန်ဒေါ်လာ ၁၀ ဆင့်(၁၂၀ ကျပ်) နှုန်းနဲ့ အစိုးရကို ရောင်းချမယ်လို့ သိရပါတယ်။

လာမယ့်နွေရာသီမှာ ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အားရရှိဖို့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ စက်ရုံတည်ဆောက်ရေး စီမံကိန်းအတွက် Consortium of National Infrastructure Holding ကုမ္ပဏီအုပ်စုကို အစိုးရက ရွေးချယ်ခဲ့တာဖြစ်ပြီး လျှပ်စစ်ဓာတ်အား တစ်ယူနစ်ကို အမေရိကန်ဒေါ်လာ ၁၀ ဆင့်နဲ့ ရောင်းချဖို့ ၊ အစိုးရနဲ့ ကုမ္ပဏီအကြား သဘောတူညီခဲ့တယ်လို့ အမည်မဖော်လိုသူလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

play

 

လုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ ကုမ္ပဏီအုပ်စုမှာ MCM Pacific ကုမ္ပဏီလီမိတက်၊ APR Energy Plc နဲ့ Ace Resources Group တို့ပါဝင်နေကာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာရာမှာ လျှပ်စစ်ဓာတ်အားတစ်ယူနစ်ကို ၀ယ်ယူမယ့်ဈေးနှုန်းကို ပွင့်ပွင့်လင်းလင်း ချပြတာတွေမရှိလို့ စီပွားရေးလုပ်ငန်းရှင်တချို့က ဝေဖန်နေကြတယ်လို့ ဆိုပါတယ်။

လုပ်ကိုင်ခွင့်ရရှိတဲ့ အဆိုပါကုမ္ပဏီက ၂၀၁၇ နွေရာသီမှာ လျှပ်စစ်ဓာတ်အား အချိန်မီပေးနိုင်ရေး ဆီနဲ့ ဂက်စ် နှစ်မျိုးသုံးအင်ဂျင်စက်အသစ်နဲ့ သန်လျင်နဲ့ သာကေတရှိ ၂၃၀ ကေဗီ မဟာဓာတ်အားလိုင်း၊ အလုံနဲ့ လှိုင်သာယာက ၂၃၀ ကေဗီ မဟာဓာတ်အားလိုင်းမြေနေရာတွေမှာ စက်ရုံတည်ဆောက်ကြမှာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : 7DayDaily,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ