Local News: မင်းကင်းမြို့နားကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်

အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိတယ်လို့ ဆိုပါတယ်။

play

 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နားကို ဗဟိုပြုပြီး ဒီနေ့မနက် ၉ နာရီလောက်က အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိတဲ့ မြေငလျင်က မန္တလေးမြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် ၁၁၅ မိုင်ခန့်အကွာ မင်းကင်းမြို့ရဲ့ အရှေ့ဘက်ငါးမိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိဘူးလို့ အဆိုပါဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီငလျင်လှုပ်မှုကို မုံရွာနဲ့ မင်းကင်းမြို့တွေမှာသတိပြုမိခဲ့ပြီး မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ထိခိုက်ပျက်စီးမှု တစ်စုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

Source & Photo : DMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ