play

 

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ပဏ္ဍိတလမ်းထဲမှာရှိတဲ့ မြေညီထပ်တိုက်ခန်းတစ်ခန်းကနေ အပုပ်နံ့တွေထွက်နေလို့ ၀င်ရောက်စစ်ဆေး ခဲ့တာကနေ အမျိုးသားတစ်ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

‘‘ဒီအခန်းမှာ အမျိုးသား တစ်ယောက်တည်းနေတယ်လို့ သိရပါတယ်။ အလောင်းကတော့သေနေတာ နည်းနည်းကြာပြီ။ ဘယ်နှရက်လောက် ရှိပြီလဲဆိုတာတော့ ဆရာဝန်တွေ ဆေးစာထုတ်ပေးမှ သိရမယ်။ အလောင်းဘေးမှာတော့ ဆေးထိုးအပ်နဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ အမှုန့်တွေ တွေ့တယ်’’လို့ စမ်းချောင်းရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသားက အသက် (၂၂) နှစ်အရွယ် နိုင်ငံငြိမ်းဖြစ်ပြီး အိမ်တံခါးကိုအတွင်းကနေ သော့ပိတ်ထားလို့ တံခါးကိုဖျက်ပြီး အခန်းထဲကို ၀င်ရောက်စစ် ဆေးခဲ့ရာမှာ ထိုင်လျက်သားသေဆုံးနေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူမှာ ပြင်ပဒဏ်ရာတွေမရှိဘဲ အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး စမ်းချောင်းမြို့မရဲ စခန်းက အမှုဖွင့်စစ်ဆေးနေ တယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video