Local News: မီးဘေးသင့် မင်္ဂလာဈေးကို ဒီဇင်ဘာလအတွင်း အပြီးဖြိုချမယ်

အလုပ်သမား ၃ဝဝ ကျော်နဲ့ စတင်ဖြိုဖျက် ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ ဇန်နဝါရီလက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က မင်္ဂလာဈေးကို အလုပ်သမား ၃ဝဝ ကျော်နဲ့ စတင်ဖြိုဖျက် ရှင်းလင်းနေပြီး လာမယ့် ဒီဇင်ဘာလအတွင်း အပြီးသတ်ဖြိုချသွားမယ်လို့ လုပ်ငန်းတင်ဒါအောင်မြင်ခဲ့တဲ့ ဧကရီဖူးကုမ္ပဏီ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။

မင်္ဂလာဈေးအသစ်ပြန်လည် တည်ဆောက်ဖို့ မီးဘေးသင့် အဆောက်အအုံဟောင်းကို ဖြိုချဖို့အတွက် ဧကရီဖူးကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး သက်ဆိုင်ရာကို ငွေကျပ်သိန်း ၁ဝဝဝ ပေးသွင်းခဲ့ကာ အောက်တိုဘာ ၂၂ ရက်က အလုပ်သမားအင်းအား ၃ဝဝ ကျော်နဲ့ ဖျက်သိမ်းရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

play

 

''ကျွန်တော်က ဒီဆိုက်မှာ အလုပ်သမားတွေ အန္တရာယ်မရှိအောင် လိုက်လံကြည့်ရှု ကြပ်မတ်ရပါတယ်။ လုပ်ငန်း လုပ်ဆောင်ဖို့ အချိန်ပေးထားတာကနှစ်လဆိုတော့ နှစ်လအတွင်းမှာ အန္တရာယ်လည်းကင်း၊ လုပ်ငန်းလည်းပြီးစီးအောင် ကြိုးစားလုပ်ဆောင်သွားပါမယ်''လို့ မင်္ဂလာဈေးဖြိုချခြင်း လုပ်ငန်းလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ခံ ကိုအောင်လွင်က ပြောပါတယ်။

ဖြိုဖျက်ခွင့်ရရှိဖို့ အဆိုပြုလွှာ တင်သွင်းထားတဲ့ ကုမ္ပဏီနှစ်ခုထဲကနေ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်မယ့် ကုမ္ပဏီကို ဦးစားပေး ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေး ကပြောပါတယ်။

Source : Myawaddy

Photo : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ