Local News: နစ်မြုပ်ရေယာဉ် ရေငုပ်ရှာဖွေသူတွေကို ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြုလက်မှတ်ချီးမြှင့်

အရပ်သားတွေကို ပထမဆုံးချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

play
နစ်မြှပ်ရေယာဉ် ရေငုပ်ရှာဖွေ ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဆန်း။

 

ချင်းတွင်းမြစ်ထဲနစ်မြုပ်ခဲ့တဲ့ အမြန်ရေယာဉ်ကိုရှာဖွေရာမှာ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ရေငုပ်ရှာဖွေပေးခဲ့တဲ့ ရေငုပ်သမားလေးဦးနဲ့ ဧဝရတ်တောင်ကို အောင်အောင်မြင်မြင်တက်ရောက်နိုင်ခဲ့ သူနှစ်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ထူးဆောင်လက်မှတ်တွေ ပေးအပ်ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။

play

 

ဒီလိုပေးအပ်တာက နစ်မြုပ်အမြန်ရေယာဉ် ဆယ်ယူရာမှာ ကူညီပေးခဲ့တဲ့ တပ်မတော်သားနှစ်ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် လေးဦးတို့ကို ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ထူးဆောင်လက်မှတ်တွေ ချီးမြှင့်ပေးအပ်ခဲ့အပြီးမှာ အရပ်သားတွေကိုလည်း ထပ်မံပေးအပ်ခဲ့တာဖြစ်ပါတယ်။

play

 

ဒေသခံရေငုပ်သမားတွေဖြစ်တဲ့ ကနီမြို့နယ် အိုင်တောင်ကျေးရွာနေ ဦးရွှေဘ၊ ဦးဇော်ဦး၊ ဦးဇော်လွင်နဲ့ မင်းအိုကျေးရွာနေ ဦးညိုအေးတို့က နစ်မြုပ်ရေယာဉ်ကို  ဆယ်ယူရာမှာ စတင်ဆယ်ယူချိန်ကနေ ဆယ်ယူပြီးစီးတဲ့အချိန်အထိ ရေအောက်အန္တရာယ်တွေကြားကနေ စွန့်စွန့်စားစားနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့လို့ အခုလို ချီးမြှင့်ပေးအပ်ခဲ့တာလို့ သိရပါတယ်။

Source : DVB

Photos : DVB,Ko Thit Sar Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ