Local News: လိုင်စင်မဲ့အဆောင် ငှားရမ်းတာတွေကို စိစစ်အရေးယူသွားမယ်

မြို့နယ်အလိုက်စစ်ဆေးပြီး ဥပဒေနှင့်အညီအရေးယူတော့မယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်မြို့တော်စည်ပင် နယ်နိမိတ်ထဲမှာ လုပ်ငန်းလိုင်စင် မလျှောက်ထားဘဲ အခကြေးငွေရယူကာ လူနေအိမ်များ၊ တိုက်ခန်းတွေကို အဆောင်အနေနဲ့ ဖွင့်လှစ်ငှားရမ်းနေတာတွေကို မြို့နယ်အလိုက် စစ်ဆေးပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

"လိုင်စင်လျှောက်ပြီးမှလုပ်ရမှာ လူတွေမသိတာလည်း ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ သိလျက်နဲ့ မလိုက်နာဘဲလုပ်နေတဲ့ အဆောင်တွေလည်း ရှိနိုင်တယ်။ ၀င်စစ်ဖို့အတွက် မြို့နယ်အလိုက် တာဝန်ပေးထားတာ ရှိပါတယ်။  လိုင်စင်တင်ဖို့အတွက် နှိုးဆော်တယ်။ နို့တစ်ပေးရဲ့သားနဲ့ လာပြီး လိုင်စင်မတင်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူနေပါတယ်"လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဒုတိယဌာနမှူး ဦးလှကြိုင်က မြန်မာတိုင်း(မ်) သတင်းဌာနကို ပြောပါတယ်။

play

 

လုပ်ငန်းလိုင်စင်မရှိဘဲ အဆောင်ဖွင့်လှစ်ငှားရမ်းတာတွေကို စစ်ဆေးတွေ့ရှိရင် စည်ပင်ဥပဒေ ပုဒ်မ ၆၈ / ၆၉ နဲ့ အညီ အရေးယူသွားမှာဖြစ် ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တစ်နှစ်အထိနဲ့  အများဆုံးငွေဒဏ် ကျပ်ငါးသိန်းအထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ အဆောင်ဖွင့်လှစ်ချင်တဲ့သူတွေအနေနဲ့ အဆောင်မှာထားရှိမယ့် လူဦးရေအလိုက် သတ်မှတ်လိုင်စင်ကြေး ပေးဆောင်စေပြီးမှပဲ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးတွေမှာပဲ လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးတဲ့ စနစ်ကို ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။

Source : MMTimes

Photos : Nan Htet San Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ