Local News: မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ အစိုးရသစ်နဲ့ ရုရှားကုမ္ပဏီညှိနှိုင်း

ကုမ္ပဏီရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ အီဂေါဆိုင်မွန်နော့ဗ်က ပြောကြားထားတာ ဖြစ်ပါတယ်။

play

 

 နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ နျူကလီးယားနည်းပညာများအသုံးချနိုင်ရေးနဲ့ပတ်သက်ပြီး နှစ်ဖက်ဘုံအကျိုးစီးပွားအတွက် သဘောတူညီမှုရရှိအောင် အစိုးရသစ်နဲ့ ညှိနှိုင်းနေတယ်လို့ ရုရှားအစိုးရပိုင် Rosatom ကော်ပိုရေးရှင်းရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ နျူကလီးယားစွမ်းအင်အသုံးချမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က Rosatom ကုမ္ပဏီနဲ့ မြန်မာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက နားလည်မှု စာချွန်လွှာရေးထိုးခဲ့တာ ဖြစ်ပါတယ်။

 အစိုးရသစ်လက်ထက်မှာ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနကို ဖျက်သိမ်းပြီး ပညာရေးဝန်ကြီးဌာနအောက်ထည့်သွင်းလိုက်ခြင်းဖြစ်ကာ အဆိုပါနားလည်မှုစာချွန်လွှာကိစ္စကို အစိုးရသစ်နဲ့ ဆွေးနွေးထားတယ်လို့ ကုမ္ပဏီရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ အီဂေါဆိုင်မွန်နော့ဗ်က ပြောကြားထားတာ ဖြစ်ပါတယ်။

 ၂၀၀၇ ကလည်း  မြန်မာနဲ့ ရုရှားတို့ဟာ သုတေသန နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးဆိုင်ရာတွေကို  သဘောတူညီခဲ့ကြပြီး  မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ Rosatom ကော်ပိုရေးရှင်းတို့ရဲ့ အဆိုအရ ဆယ်နှစ်တာအတွင်း ထောင်နဲ့ချီတဲ့ မြန်မာတွေကို ရုရှားမှာ နျူကလီးယား နည်းပညာဆိုင်ရာတွေကို လေ့လာဖို့ သင်ကြားပေးခဲ့တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ