play

 

ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ရအခက်ဆုံးနိုင်ငံ ၂၀ စာရင်းထဲမှာ ပါဝင်နေပါတယ်။

၂၀၁၇ စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်းအားလုံးအတွက် တန်းတူအခွင့်အလမ်းအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၀ သတ်မှတ်ခံရတာလည်း ဖြစ်ပါတယ်။ ယခင် ၂၀၁၆ က အဆင့် ၁၇၁ ဖြစ်ခဲ့ရာကနေ အဆင့်တစ်ဆင့်တက်လာပေမဲ့ စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲမှုမှာတော့ အောက်ဆုံးအဆင့်မှာရှိနေဆဲ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံရဲ့အထက်မှာ  နိုင်ဂျီးရီးယားနဲ့ ဆူဒန်နိုင်ငံတို့ ရှိနေပြီး စီးပွားရေးလုပ်ကိုင်ရတာ အလွယ်ကူဆုံးနိုင်ငံတွေကတော့ အဆင့် ၁ နယူးဇီလန်၊ အဆင့်  ၂ စင်္ကာပူ ၊  အဆင့် ၃ ဟောင်ကောင်၊  အဆင့် ၄ တရုတ် နဲ့ အဆင့် ၅ တောင်ကိုရီးယားတို့ ဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video