Local News: အရက်မသောက်ဖို့ ဆုံးမတဲ့ အဘွားကို မြေးဖြစ်သူက ရိုက်သတ်

အောက်တိုဘာလ ၂၅ ရက်နေ့က မကွေးတိုင်းသရက်မြို့မှာ ဖြစ်ပွားခဲ့တာပါ။

play

 

အဘွားဖြစ်သူက အရက်မသောက်ဖို့ ဆုံးမတာကို မြေးဖြစ်သူက ရိုက်သတ်ခဲ့တဲ့ဖြစ်ရပ်တစ်ခု အောက်တိုဘာလ ၂၅ ရက်နေ့က မကွေးတိုင်းသရက်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ဘန့်ပြင်ကျေးရွာမှာ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီ ၃၀ လောက်မှာ ဘန့်ပြင်ကျေးရွာနေ အသက် ၈၆ နှစ်အရွယ် ဒေါ်စိန်အေးကို မြေးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကြည်မြင့်က အရက်မူးပြီး ရိုက်နှက်ခဲ့တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဘွားဖြစ်သူ ဒေါ်စိန်အေးက အရက်မူးနေတဲ့ ကြည်မြင့်ကို အရက်မသောက်ဖို့ ပြောဆိုဆုံးမနေတုန်းမှာ ကြည်မြင့်က ဒေါသထွက်ပြီး အနားမှာရှိတဲ့ ကျောက်ခဲနဲ့ထုပြီး ဝါးတုတ်နဲ့ ဆက်လက်ရိုက်နှက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တာကြောင့် မြေးဖြစ်သူ ကြည်မြင့်ကို သရက်မြို့မရဲစခန်းက (ပ)၈၈၂/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ