Local News: ရန်ကုန်မှာ တိုက်ခတ်သွားတဲ့ လေပွေလှိုင်းကို ဆက်လက်စောင့်ကြည့်မယ်

ရန်ကုန်မြို့အနှံ့မှာ လေပြင်းတိုက်ခတ်ခဲ့ပြီး လျှပ်စီးလက်ကာ မိုးတွေရွာသွန်းခဲ့ပါတယ်။

play

 

အောက်တိုဘာလ ၂၆ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့အနှံ့မှာတိုက်ခတ်သွားတဲ့ အရှေ့လေပွေလှိုင်းက အားကောင်းလာမလားကို ဆက်လက်စောင့်ကြည့်သွားမယ်လို့  မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းပင်လယ်ကွေ့ကနေ တိုက်ခတ်လာတဲ့ အရှေ့လေပွေလှိုင်းက အောက်တိုဘာလ ည ၁၀ နာရီလောက်မှာ လေတိုက်နှုန်း တစ်နာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ လောက်နဲ့ ရန်ကုန်မြို့အနှံ့မှာ လေပြင်းတိုက်ခတ်ခဲ့ပြီး လျှပ်စီးလက်ကာ မိုးတွေရွာသွန်းခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုတွေကြောင့် ရန်ုကုန်တိုင်းထဲက ကြည့်မြင်တိုင်၊ စမ်းချောင်း၊ သုဝဏ္ဏ၊ သာကေတနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်း စတဲ့ မြို့နယ်တွေမှာ သစ်ပင်တွေလဲကျတာနဲ့  နေအိမ်သွပ်မိုးတွေ လွင့်ထွက်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အရှေ့လေပွေလှိုင်းဟာ ဆက်လက်အားကောင်းလာနိုင်သေးတဲ့အတွက် ဒီကနေ့ည အစောပိုင်းအချိန်ထိ စောင့်ကြည်ရမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ဟန်ဆွေက ပြောပါတယ်။

Source : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ