Local News: ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးကို မော်တော်ယာဉ် ၂၀၈၂ စီး ထိန်းသိမ်းနေရ

မြန်မာနိုင်ငံမှာ ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၅၈၉၀ ဦးရှိတယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်ထိန်းရဲတစ်ဦးကို မော်တော်ယာဉ် ၂၀၈၂ စီး ထိမ်းသိမ်းနေရတယ်လို့ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ဌာနခွဲမှူး ရဲမှူး ဦးဝင်းမြင့်က မြန်မာ့အလင်းသတင်းစာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

play

 

ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ လက်ရှိဖွဲ့စည်းပုံအရ အရာရှိနဲ့ အခြားအဆင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၅၈၉၀ ရှိတာဖြစ်ပြီး လောလောဆယ်မှာတော့ အင်အား ၂၈၅၃ ဦးနဲ့ တာဝန်ထမ်းဆောင်နေလို့ ဖွဲ့စည်းပုံအင်အားရဲ့ ၄၈ ဒသမ ၄၄ ရာခိုင်နှုန်း တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိစာရင်းအရ တစ်နိုင်ငံလုံးမှာ မော်တော်ယာဉ် ၉၇၅၅၇၂ စီးနဲ့ မော်တော်ဆိုင်ကယ် ၄၉၆၅၁၁၇ စီးရှိနေလို့  စုစုပေါင်းမော်တော်ယာဉ် စုစုပေါင်း ၅၉၄၀၆၈၉စီး ရှိနေတယ်လို့ သိရပါတယ်။

Source : Myanmar Alin

Photo : mmedianews,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ