Local News: မုံရွာမှာ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်

အောက်တိုဘာ(၂၇)ရက်နေ့ နံနက်က ဖြစ်ပွားခဲ့တာပါ။

play

 

မုံရွာမြို့၊ ကံသာဦးရပ်ကွက် ၊ သမာဓိလမ်းမှာ ရှိတဲ့ နေအိမ်တစ်လုံးမှာ ဒီနေ့မနက်ပိုင်းက (အောက်တိုဘာ၂၇)ရက်နေ့က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများနဲ့ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနက်(၇)နာရီလောက်က လူတစ်ဦးဆိုင်ကယ်စီးကာ ထွက်သွားပြီးတဲ့နောက်  အိမ်တံခါးပိတ်ပြီး လူခြေတိတ်နေတာကို မသင်္ကာတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လှမ်းအကြောင်းကြားတာကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ အိမ်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေသူကို တွေ့ရတယ်လို့ တာဝန်ကျရဲတပ်ဖွဲ့များက ဆိုပါတယ်။

play

 

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းရာမှာ သေဆုံးသူအမျိုးသားမှာ ကိုမောင်ချို(၃၆)နှစ်၊ အမျိုးသမီးမှာ မထားထားနွယ်(ခ)မော်မော် (၃၇)နှစ်တို့ဖြစ်ပြီး အဲဒီအိမ်ကို လွန်ခဲ့တဲ့ ၃ လကျော်လောက်မှ ပြောင်းလာကြတာကာ အမျိုးသားက အရောင်းအ၀ယ်၊ အမျိုးသမီးက မှီခိုဖြစ်ပြီး အိမ်နီးချင်းတွေနဲ့ စိမ်းတော့ သူတို့အကြောင်းတွေ သိပ်မသိကြဘူးလို့ ဆိုပါတယ်။

ညနေပိုင်းလောက်မှာတော့ ဆိုင်ကယ်စီးသွားတဲ့လူက ဆိုင်ကယ်ကို အောင်ချမ်းသာ ရပ်ကွက်ထဲမှာ ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း၊ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းမိဖို့  စုံစမ်းဆဲဖြစ်ပြီး  ရဲစခန်းက (ပ) ၇၅၃/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက DVB ကို ဖြေဆိုထားတာတွေ့ရပါတယ်။

Source & Photo : DVB News

တရားဥပဒေစိုးမိုးရေးအပေါ် သင် ဘယ်လို ထင်ပါသလဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ