Local News: မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ပထမဆုံးအကြိမ် တွေ့ရှိ

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ကိုယ်ပူခြင်း၊ မျက်လုံးနီရဲခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

play


ရန်ကုန်မြို့ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးထံမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ရကြောင်း နိုင်ငံပိုင် MRTV ရုပ်မြင်သံကြားသတင်းက အောက်တိုဘာ ၂၇ ရက်မှာ ပြောကြားပါတယ်။ ယခု တွေ့ရှိမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူကို အတည်ပြုတွေ့ရှိရမှု ဖြစ်လာပါတယ်။

play


ရန်ကုန်မှာရှိနေတဲ့ အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးထံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရတာကြောင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ဇီကာရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ MRTV သတင်းက ပြောပါတယ်။

play


ယခု တွေ့ရှိမှုဟာ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အတည်ပြု တွေ့ရှိမှုဖြစ်ပြီး ဇီကာရောဂါနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ကာကွယ်ထိန်းချုပ် နှိမ်နင်းရေးလုပ်ငန်းများကို တာဝန်ရှိသူတွေက အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနမှ ကနဦး သတင်းရရှိကြောင်း သိရပါတယ်။

play


မြန်မာနိုင်ငံသားများ ဇီကာကူးစက်ခံရမှုအဖြစ် စင်ကာပူနဲ့ ထိုင်းမှာ နေထိုင်သူနှစ်ဦးမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စက်တင်ဘာလအတွင်းက အတည်ပြုနိုင်ခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဘရာဇီးနိုင်ငံမှာ ယမန်နှစ်အတွင်းက စတင် တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့နိုင်ငံနဲ့ နေရာဒေသ ၆၀ မှာ ပျံ့နှံ့မှုဖြစ်နေပါတယ်။

play


ဇီကာဗိုင်းရပ်စ်ဟာ အေဒီးစ်ခြင် အကိုက်ခံရခြင်းမှ အဓိက ကူးစက်နိုင်ပြီး အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်က မွေးဖွားလာတဲ့ ကလေးငယ်ဟာ microcephaly ခေါ် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တဲ့ ရောဂါဖြစ်ပွားပြီး ဦးခေါင်းသေးနေပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ကိုယ်ပူခြင်း၊ မျက်လုံးနီရဲခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အာရှဒေသမှာ ဇီကာဗိုင်းပ်စ် ကူးစက်ပျံ့နှံ့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က သတိပေးထားမှုလည်း ရှိခဲ့ပါတယ်။
Source: MOI, MRTV, Reuters, AFP

- ဇီကာဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ အချက်များ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ