Local News: မြန်မာနိုင်ငံမှာ ကလေးငယ်ပေါင်း ၁ သန်းကျော် ခန္ဓာကိုယ်အရွယ်အစား ပုညှက်နေ

ဆင်းရဲတဲ့ မိသားစုဝင် ကလေးငယ်တွေဟာ ပိုမိုပုညှက်နေကြပါတယ်။

play

 

 မြန်မာနိုင်ငံက ကလေးငယ်ဦးရေ ၁ ဒသမ ၆ သန်းဟာ အရပ်ပုညှက်နေပြီး ဆင်းရဲနွမ်းပါးတဲ့ကလေးတွေဟာ အရေအတွက်နှစ်ဆနီးပါး ပိုမိုပုညှက်နေတယ်လို့ သိရပါတယ်။

  ချမ်းသာတဲ့ မိသားစုတွေက ကလေးငယ်ဦးရေ ၂၀ ဒသမ ၇ ရာခိုင်နှုန်းဟာ ပုညှက်နေပြီး ဆင်းရဲတဲ့ မိသားစုဝင် ကလေးငယ်ဦးရေ ၄၆ ဒသမ ၆ ရာခိုင်နှုန်းခန့် ပုညှက်နေတာကြောင့် ဆင်းရဲကလေးငယ်တွေ အရွယ်အစားပုညှက်တုန်းဟာ နှစ်ဆပိုမိုများပြားနေကြောင်း Save the Children ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

စာရင်းတွေအရ စိုးရိမ်ဖွယ်ရာဖြစ်နေပြီး  အာဟာရချို့တဲ့ခြင်းနဲ့ ပုညှက်ခြင်းကို လျှော့ချဖို့ဆိုရင် ကလေးတွေရဲ့ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ မှန်ကန်တဲ့ ဗဟုသုတတွေ၊ သတင်းအချက် အလက်တွေ၊ အထောက်အပံ့တွေကို  မိခင်နဲ့ ဖခင်တွေရရှိဖို့ လိုအပ်တယ်လို့ Save the Children မှ အရည်အသွေးနှင့် အသိပညာပေး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဒါရိုက်တာမစ်ကေတီ (Ms.Katy)က ပြောထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ