Local News: မိုင်းလားနယ်မြေမှာ ဝတပ်ဖွဲ့တွေ ဆက်လက်နေရာယူထား

တပ်မတော်ဘက်က လုံခြုံရေးကိစ္စဖြစ်တာကြောင့် ထုတ်ဖော်ပြောကြားလို့မရဘူးလို့ ပြောကြားထားကြောင်း သိရပါတယ်

play

 

မိုင်းလားနယ်မြေမှာ ‘ဝ’တပ်ဖွဲ့တွေ  ဆက်ရှိနေဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့  UWSP/UWSA တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်မှာ ဖော်ပြထားပါတယ်။  ဝတပ်ဖွဲ့နဲ့ တပ်မတော်ကြား တင်းမာမှုတွေဖြစ်ပေါ်နေပြီး မိုင်းလားလက်နက်ကိုင်အဖွဲ့ရဲ့ နယ်မြေမှာ ရောက်ရှိစခန်းချထားတဲ့ ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSP/UWSA)တပ်ဖွဲ့တွေကို အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထားပြီး ဆုတ်ပေးဖို့ တပ်မတော်ဘက်က အကြောင်းကြားထားတာ ဖြစ်ပါတယ်။

တပ်တွေကရှိပြီး သိရသလောက်တော့ လူကြီးတွေအချင်းချင်း ဆွေးနွေးနေကြပါပြီလို့ UWSP/ UWSA တာဝန်ရှိသူတစ်ဦးက ပြောကြားထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။  ‘ဝ’ လက်နက်ကိုင်အဖွဲ့နဲ့ တင်းမာမှုဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က လုံခြုံရေးကိစ္စဖြစ်တာကြောင့် ထုတ်ဖော်ပြောကြားလို့မရဘူးလို့ ပြောကြားထားကြောင်း သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ