Local News: အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့သူတွေကို ထပ်မံဖမ်းဆီးရမိ

အကြမ်းဖက်သမား ရှစ်ဦးထပ်ဖမ်းမိခဲ့တာပါ။

play

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းက  ဒီနေ့ နံနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ ငါးစာကြူးကျေးရွာကို ၀င်ရောက်ရှင်းတာကနေ ပြောင်ပိုက်ကျေးရွာနားမှာ တပ်မတော်စစ်ကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့သူတွေက အာကူဟာလောင်၊ ခါမားဟူဆေး၊ အာဘူအာလောင်၊ ဇာရွတ်အာလောင်၊ နူရူကာမိုင်၊ ဟာဘူအူးဆောင်း၊ ဂျူရာလောင်နဲ့ အာဘူဘော်ရှော်တို့ဖြစ်ပြီး သူတို့ကို အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၇ ရက်မှာ ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတစ်ဦးရဲ့ထွက်ဆိုချက်အရ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို လိုက်လံဖော်ထုတ်ရှင်းလင်းရာမှာ ဒီနေ့ မနက် ၇ နာရီမှာ ကျောင်းတောင်ကျေးရွာက အဒူလာ(ဘ) ဆူတာအာမတ်နဲ့ မနက် နံနက် ၁၁ နာရီခွဲမှာ ကြက်မောက်တောင် အနောက်ရွာက ဆွေတာမောက်(ဘ)ဖေရင် တို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Source & Photo : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ