Local News: ဒေါ်အောင်ဆန်းစုကြည်ကို ဟယ်လင်ကယ်လာဆု ချီးမြှင့်

အောက်တိုဘာ ၂၇ ရက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပေးအပ်ခဲ့တာပါ။

play

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၆ အတွက် ဟယ်လင်ကယ်လာ လူသားအကျိုးဆောင်ရွက်သူ (Helen Keller International Humanitarian Award 2016) ဆုကို အောက်တိုဘာ ၂၇ ရက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ Helen Keller International Europe ဥက္ကဋ္ဌ ဒေါက်တာဟိုဝတ်ကွန်က ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်တွေမှာ ထူးထူးချွန်ချွန် အာရုံစူးစိုက် နှစ်မြှုပ်ဆောင်ရွက်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ Helen Keller International Europe ကို ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

Helen Keller ဆုကို ၁၉၅၉ မှာ စတင်ထူထောင်ပေးအပ်ခဲ့ပြီး ဟယ်လင်ကယ်လာက အမေရိကန်နိုင်ငံသူ စာရေးဆရာမ၊ ကထိကနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ကာ ပထမဆုံး ဝိဇ္ဇာဘွဲ့ရရှိတဲ့ မျက်မမြင်၊ နားမကြား မသန်စွမ်းပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ