Local News: ရန်ကုန်မှာ နောက်ခြောက်လအတွင်း ကိုယ်ဝန်မဆောင်ဖို့ နှိုးဆော်

, updated

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံခြားသူကိုယ်ဝန်ဆောင်တစ်ဦးတွေ့ရှိပြီးနောက်ပိုင်း အခုလိုနှိုးဆော်ခဲ့တာပါ။

play

 

ရန်ကုန်တိုင်းထဲမှာ နေထိုင်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ နောက်ထပ်ခြောက်လအတွင်း ကိုယ်ဝန်ဆောင်တာတွေမလုပ်ဖို့နဲ့ ခြင်ကြားကိုက်တာတွေမခံရအောင် သတိထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်သွားမယ်လို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံခြားသူကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ရန်ကုန်မှာတွေ့ရှိခဲ့ပြီးနောက်ပိုင်း အခုလို သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး  ဇီကာရောဂါနဲ့ ပတ်သက်တဲ့ ကာကွယ်ထိန်းချုပ်နှိမ်နှင်းရေး လုပ်ငန်းတွေကို အထူးအလေးပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်ခံနေရတဲ့ နိုင်ငံခြားသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေအရ ထုတ်ပြန်လို့မရသေးဘူးလို့ ဒေါက်တာစိုးလွင်က ပြောခဲ့ပြီး  ပြည်သူတွေအနေနဲ့ စိုးရိမ်မှုမလွန်ကဲကြဖို့နဲ့ အစိုးရက ပိုးလောက်လန်းနဲ့ ခြင်ကြားနှိမ်နှင်းရေးတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Source & Photo : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ