Local News: မန္တလေးမှာ အိမ်ပိုင်ရှင်တွေ အိမ်အငှားချမယ်ဆိုရင် လိုင်စင်လျှောက်ရမယ်

စစ်ဆေးတွေ့ရှိရင် တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

play

 

မန္တလေးမြို့မှာ  အိမ်ရှင်တွေအနေနဲ့ အိမ်ငှားချချင်တယ်ဆိုရင် လုပ်ငန်းလိုင်စင်လျှောက်ထားရမယ်လို့ သိရပါတယ်။  

စည်ပင်သာယာရေး ကော်မတီမှာ အိမ်ငှားရမ်းလုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားပြီးမှသာ ငှားရမ်းလုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး အိမ်ငှားရမ်း လုပ်ပိုင်ခွင့်လုပ်ငန်းလိုင်စင်ကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစပြီး သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားရမှာ ဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

အိမ်တွေက နိုင်ငံခြားသားတွေ ခိုးငှားတာတွေရှိပြီး လိုင်စင်မလုပ်ရင် အရေးယူတော့မယ်လို့  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၀၉(က) အရ လုပ်ငန်းလိုင်စင်ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံ ငှားရမ်းတာနဲ့ ဝင်းခြံမြေလွတ် ငှားရမ်းပြီး အဆောက်အအုံ ဆောက်လုပ်တာတွေကို စစ်ဆေးတွေ့ရှိရင် တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ