Local News: မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ပါဝင်သူသုံးဦးကို ထပ်မံဖမ်းမိ

အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်သူ ၆၄ ဦးအထိ ဖမ်းဆီးရမိထားတယ်။

play

 

မောင်တော အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုမှာ  ပါဝင်သူသုံးဦးကို အောက်တိုဘာ ၂၈ ရက်မှာ ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်မှာ  ဘူးသီးတောင်မြို့နယ် စာကိုင်းကျေးရွာအတွင်း သတင်းအရ ပိတ်ဆို့ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုမှာ ပါဝင်သူတွေဖြစ်တဲ့  စာကိုင်းကျေးရွာနေ ဟာမီတူဆောင်း၊ နိုတူလာမိန်တို့နှစ်ဦးနဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာနေ အာယုဒ်ကို  နေအိမ်မှာ ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

  အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်သူ ၆၄ ဦးအထိ ဖမ်းဆီးရမိထားပြီး မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ အကာလ်မူလ်မူဂျာဟီဒင်န်အဖွဲ့ရဲ့ လက်ချက်ဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ဖို့  ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ