Local News: ဆိုင်ကလုန်းမုန်တိုင်း " ကြံ့ " လေဖိအားနည်းရပ်ဝန်း ပြန်ဖြစ်

လေဖိအားနည်းရပ်ဝန်းကြောင့် နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ "ကြံ့"ဆိုင်ကလုန်းမုန်တိုင်းက လေဖိအားနည်းရပ်ဝန်းပြန်ဖြစ်သွားလို့ အားလျော့သွားပြီး အိန္ဒိယနိုင်ငံအရှေ့ဘက်က ဘင်္ဂလားပင်လယ်အော်ထဲမှာ ဆက်ရှိနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာက သတင်းထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် ညနေကစပြီး ကြံ့(KYANT) ဆိုင်ကလုန်းမုန်တိုင်းက အောက်တိုဘာ ၂၈ ရက်မှာ လေဖိအားနည်းရပ်ဝန်းအဆင့်အထိ ပြန်လည် အားလျော့သွားတယ်လို့ သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ အချိန်ကြောင့် ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရှမ်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်တွေမှာ မိုးပိုလာနိုင်တယ်လို့ မိုးဇလဦးစီးဌာနက ကြေညာထားပါတယ်။

Source : 7DayDaily

Photo : DMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ