Local News: လေဆိပ်မှာဖမ်းမိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို အင်းစိန်ထောင်ကိုပို့

လေကြောင်းအက်-၁၀ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

play

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ဆောက်လုပ်ဆဲ ဆိုက်ရောက်၊ ထွက်ခွာအဆောင် Terminal-3  ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လို့ ဖမ်းဆီးခံရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို အင်းစိန်ထောင်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

‘‘သူ့ကို ၂၇ ရက်ကပဲ တရားသူကြီးချုပ်မိန့်နဲ့ အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ သူ့ကို အာမခံပေးမယ့်သူလည်းမရှိဘူး။ တားမြစ်နယ်မြေထဲ ဝင်လာလို့ ပြည်တွင်းလေကြောင်းဦးစီးဌာနက တရားလိုလုပ် တရားရုံးဦးတိုက်လျှောက်ပြီး တရားစွဲဆိုထားပါတယ်’’လို့ မင်္ဂလာဒုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်းသန်း ကပြောပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားက အောက်တိုဘာ ၂၅ ရက် နေ့လယ်က မြန်မာနိုင်ငံကိုရောက်ရှိပြီး ရန်ကင်းမြို့နယ်က မိုတယ်တစ်ခုမှာ အခန်းငှားပြီးတဲ့နေ့မှာပဲ အဆိုပါလေဆိပ် အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားက မြန်မာနိုင်ငံကို နိုဗိုအဲလေကြာင်းလိုင်းနဲ့ ရောက်ရှိလာပြီး အလွတ်တန်းကျောင်းဆရာအလုပ် လုပ်ကိုင်ပြီး အလုပ်မရှိချိန်မှာ လယ်စိုက်သည့်အလုပ် လုပ်ကိုင်တယ်လို့သိရပြီး လေကြောင်းအက်-၁၀ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ