Local News: ပုဂံစေတီ ပုထိုးငယ်တွေကို အလှူရှင်တွေ ပြုပြင် တည်ဆောက်လှူဒါန်းခွင့် ပေးမယ်

စေတီပုထိုးတွေကို ပြုပြင်ဖို့အတွက် အလှူငွေ ကျပ်လေးဘီလီယံကျော် ရရှိထားပါတယ်။

play

 

သြဂုတ်လ ၂၆ ရက်နေ့က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံမြို့က စေတီပုထိုးတွေက သာမာန်ပျက်စီးတဲ့ စေတီပုထိုးငယ်တွေက အလှူရှင်တွေကို  ပြုပြင်တည်ဆောက်လှူဒါန်းခွင့်ပေး သွားမယ်လို့သိရပြီး စေတီပုထိုးတွေကို ပြုပြင်ဖို့အတွက် အလှူငွေ ကျပ်လေးဘီလီယံကျော် ရရှိထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံရှေးဟောင်းမြို့က စေတီပုထိုးတွေပြုပြင်ဖို့အတွက် အလှူငွေပေးအပ်တဲ့ အခမ်းအနားမှာ  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အခုလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

ထုထည်ဥာဏ်တော်ကြီးမားတဲ့ နာမည်ကြီးစေတီပုထိုးတွေကို ရှေးဟောင်းပညာရှင်တွေက ပြုပြင်တည်ဆောက်သွားမှာဖြစ်ပြီး မိမိနာမည်နဲ့ ပြုပြင်တည်ဆောက် လှူဒါန်းလိုတဲ့ အလှူရှင်တွေက ရှေးဟောင်းပညာရှင်တွေ သတ်မှတ်ပေးထားတဲ့ အုတ်အမျိုးအစားနဲ့ ရှေးဟောင်းပုံစံအတိုင်း ပြုပြင်တည်ဆောက်ပေးရမယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ