Local News: ခိုးဝင္လာတဲ့ ဘဂါၤလီ ငါးဦးကို အလုပ်ကြမ်းနဲ့ ထောင်နှစ်နှစ်စီချ

သက်သေခံကဒ်ပြား ကိုင်ဆောင်ထားတာလည်း မရှိပါဘူး။

play

 

အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့တာမွေအထိ ခိုးဝင်လာတဲ့ ဘဂါင်္လီငါးဦးကို တာမွေတရားရုံးက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေပုဒ်မ ၆(၃) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ခိုးဝင်လာတဲ့ ဘင်္ဂါလီ ငါးဦးကို ရခိုင်ပြည်နယ်က ပွဲစားတစ်ယောက်က လူတစ်ယောက် ၁၅ သိန်း ပွဲခယူပြီး ပို့ဆောင်ပေးခဲ့တာဖြစ်ကာ သက်သေခံကဒ်ပြားကိုင်ဆောင်ထားတာလည်းမရှိဘူးလို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

ဘင်္ဂါလီအမျိုးသားငါးဦက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်တာဖြစ်ပြီး ကားတစ်စီးက ရန်ကုန်မြို့ကို လာပို့ပေးခဲ့တာဖြစ်ပြီး ပို့ဆောင်ပေးသူကို မသိရှိသေးဘူးလို့ ဆိုပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ