Local News: ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အချိန်မဆွဲကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒေါ်စုတိုက်တွန်း

ညီလာခံပြင်ပမှာ အချိန်မဆွဲကြဖို့ ပြောလိုက်တာပါ။

play

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ မျှော်လင့်နေပြီး ငြိမ်းချမ်းရေး ငတ်မွတ်နေလို့ ညီလာခံပြင်ပမှာ အချိန်မဆွဲကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

"ကျွန်မတို့ နိုင်ငံဟာ အချိန်ဆွဲလို့ မရပါဘူး။ ဆယ်စုနှစ်တွေနဲ့ ချီပြီး ကျွန်မတို့ နိုင်ငံဟာ ငြိမ်းချမ်းရေးကို ငတ်မွတ်နေခဲ့တဲ့နိုင်ငံပါ။ ငြိမ်းချမ်းရေးညီလာခံ ပြင်ပကနေပြီးတော့ အချိန်မဆွဲပါနဲ ။ အားလုံးပါဝင်ကြပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီနေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်တာပါ။

play

 

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးတာတွေကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်ပေမယ့် လက်ရှိအချိန်အထိ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ ရှိနေလို့ ဒီအဖွဲ့တွေက ကျင်းပချိန်အထိ လက်မှတ်မရေးထိုးရင် ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဒီလို ပြောခြင်းအားဖြင့် လက်မှတ်မရေးထိုးရတဲ့ အဖွဲ့ တွေရဲ့ အနေအထားကို ကျွန်မတို့ နားလည်မူ့ မပေးလို့ မဟုတ်ပါဘူး။ နားလည်မှု ပေးပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်ကလဲ ပြန်ပြီးတော့ ကျွန်မတို့ကို နားလည် မှု ပေးစေချင်ပါတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Source : The Ladies News

Photos : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ