Local News: ပြည်တော်ပြန်မြန်မာတွေ အဆင်မပြေတာတွေ ကြုံနေရ

စားရေးသောက်ရေးအခက်အခဲ ကြုံနေရတာပါ။

play
မြန်မာနိုင်ငံကို ပြန်လာမည့် ဒုက္ခသည်များကိုတွေ့ရစဉ်။

 

ထိုင်း-မြန်မာနယ်စပ်ကနေ ပထမဆုံးအသုတ်အနေနဲ့ ပြန်လာတဲ့ မြန်မာဒုက္ခသည်တွေ အဆင်မပြေတာတွေ ကြုံတွေ့နေရတယ်လို့ သိရပြီး ရန်ကုန်မြို့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြန်လည်နေရာချထားရေးရုံးမှာ ဒုက္ခသည်မိသားစု ၁၇ စုခန့်သောင်တင်နေကာ စားရေးသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

play

 

ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက မြန်မာဒုက္ခသည်တွေကို နှစ်နိုင်ငံအစိုးရတွေရဲ့သဘောတူညီချက်နဲ့ ပထမအသုတ်နေနဲ့ ဒုက္ခသည် ၆၅ ဦးဟာ အခု ပြည်တွင်းကို ပြန်လည် ဝင်ရောက်လာတာဖြစ်ပါတယ်။

နှစ်ကလရှည်စွာနေနေရတဲ့မြန်မာ ဒုက္ခသည်တွေကဒီလိုပြန်လည် ခေါ်ဆိုနိုင်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ထိုင်းနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံအစိုးရတို့အကြား ဆွေးနွေးသဘောတူညီခဲ့တာလို့ သိရပါတယ်။

play

 

ဒီဒုက္ခသည်တွေကို အောက်တိုဘာလ ၂၆ ရက်နေ့က လွဲပြောင်းပေးခဲ့တာဖြစ်ပြီး ပြည်တော်ပြန်လာတဲ့ ဒုက္ခသည်တွေက ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ပဲခူး တိုင်းတို့ကို ပြန်လည်သွားရောက်မှာ လို့ဆိုပါတယ်။

Source : 7DayDaily

Photos : Karan News Agency

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ