Local News: ချင်းတွင်းအထက်ပိုင်းပြန်မယ့် အဝေးသင် ကျောင်းသားတွေအတွက် သီးသန့်ရေယာဉ် ပြေးဆွဲမယ်

စာမေးပွဲဖြေဆိုပြီးပြန်မယ့် ကျာင်းသားတွေအတွက် သီးသန့်ရေယာဉ်တွေ ပြေးဆွဲပေးတာပါ။

play
ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်တစ်စီးကိုတွေ့စဉ်။

 

ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် သီးသန့်ရေယာဉ် ပြေးဆွဲဖို့  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မန္တလေးအဝေးသင်တက္ကသိုလ် (မုံရွာဌာနခွဲ)မှာ စာမေးပွဲဖြေဆိုနေတဲ့  ချင်းတွင်းမြစ်အထက်ပိုင်း ဒေသတွေက ကျောင်းသား၊ ကျောင်းသူ တွေက အောက်တိုဘာ ၃၁ ရက်မှာ စာမေးပွဲပြီးဆုံးမှာဖြစ်လို့ အပြန်ခရီးအဆင်ပြေစေဖို့ နိုဝင်ဘာ ၁ ရက် နဲ့ ၂ ရက်တို့မှာ နေ့စဉ် မနက် ၅ နာရီမှာ မုံရွာမြို့ကျောက်ဆောင်ဆိပ်ကမ်းကနေ ထွက်ခွာမယ်လို့ ဆိုပါတယ်။

‘‘အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ အပြန်ခရီးမှာ ရေယာဉ်တွေဘေး အန္တရာယ်ကင်းဝေးစေဖို့အတွက် ကျောင်းသား သီးသန့်ရေယာဉ်တွေ ပြေးဆွဲပေးမှာပါ။ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်တွေမှာ တစ်စီးစီ ပြေးဆွဲပေးဖို့ စီစဉ်ထားပါတယ်။ အကယ်၍ တစ်ရက်နေ့မှာ လူနည်းပြီး နှစ်ရက်မှာ လူများတယ် ဆိုရင် နှစ်စီးတိုးချဲ့ပြေးဖို့ စီစဉ် ထားပါတယ်’’လို့ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။

စာမေးပွဲဖြေဆိုပြီးချင်းတွင်းမြစ်ကြောင်းတစ်လျှောက် နေရပ်ပြန်မယ့် ကျောင်းသားတွေက အောက်တိုဘာ ၂၈ ရက် အထိ ကောက်ယူထားတဲ့ စာရင်းအရ ကျောင်းသား၊ ကျောင်းသူ ၃၀၂ ဦးနဲ့ ဆိုင်ကယ် ၇၈ စီးရှိတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : Sky News Media

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ