play

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ ရိုင်းစိုင်းစွာ ပုတ်ခတ်ပြောဆိုတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုး ပါတီဝင် အမျိုးသမီးတစ်ဦးကို ပဲခူးမြို့အမှတ်(၂)နယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

‘‘အမှုဖွင့်ခံရတဲ့ ဒေါ်စန္ဒီမြင့်အောင်ကိုယ်တိုင် အောက်တိုဘာ ၂၉ ရက်က စခန်းလာသွားပါတယ်။ သူကိုယ်တိုင်အသုံးပြုနေတဲ့ဖုန်းကိုလည်း အပ်ခဲ့တယ်။ ဒီဖုန်းကို အင်းစိန် CID ကိုပို့ပြီး စစ်ဆေးသွားမှာပါ။ လက်ရှိအချိန်ထိတော့ စစ်ဆေးနေတုန်းဖြစ်တဲ့အတွက် ဘာမှပြောလို့ တော့မရသေးပါဘူး’’လို့ ပဲခူးမြို့အမှတ် (၂) နယ် မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာန Cyber Crime Police ရုံးကို တင်ပြဖို့ ပြင်ဆင်နေပြီး CID ကိုလည်း အကြောင်းကြားထားက လူမှုကွန်ရက်စာမျက်နှာမှာ ပုတ်ခတ်ပြောဆိုတယ်လို့ စွပ်စွဲခံထားရတဲ့ ဒေါ်စန္ဒီမြင့်အောင်ကို ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video