Local News: ဒေါ်လာအတုလိမ်ရောင်းတဲ့ နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီး

လိုက်ဘေးရီးယားနိုင်ငံသားတွေကို ဖမ်းဆီးခဲ့တာပါ။

play

 

တောင်ဥက္ကလာပမြို့နယ်ထဲက ကုမ္ပဏီတစ်ခုကို အမေရိကန်ဒေါ်လာငွေစက္ကူအတုတွေ လာရောက်လိမ်လည်ရောင်းချခဲ့တဲ့ လိုက်ဘေးရီးယား နိုင်ငံသားနှစ်ဦးကို အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့  တောင်ဥက္ကလာပရဲစခန်းကနေ သိရပါတယ်။

‘‘သူတို့နှစ်ယောက်က ကုမ္ပဏီကို အရင်နှစ်ခါလောက်လာဖူးတယ်။ ဒေါ်လာစက္ကူအစစ်တစ်ရွက်ကို ဆေးတွေနဲ့ချွတ်ပြတယ်။ အဲဒီလိုစက္ကူတွေ အများကြီးပြန် ရောင်းချင်တယ် ပြောတယ်။ ကုမ္ပဏီကလည်း မသင်္ကာလို့ ဖုန်းဆက်အကြောင်းကြားလို့ ဖမ်းမိတာပါ’’ တောင်ဥက္ကလာပရဲစခန်းမှ ရဲမှူးကျော်ကျော်အောင်က ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသားနှစ်ဦးက သြဂုတ်ထဲမှာ မြဝတီမြို့ကနေ တစ်ဆင့် ဗီဇာရယူပြီး ရန်ကုန်မြို့ကို လာရောက်နေထိုင်ပြီးနောက် ငွေစက္ကူစာရွက်ဒေါ်လာ တစ်သန်းခွဲပါရှိလာတယ်လို့ ပြောပြီး လိမ်လည်ခဲ့တာလို့ ဆိုပါတယ်။

လိမ်လည်ခဲ့သူ နိုင်ငံခြားသားနှစ်ဦးက အသက်(၃၆)နှစ်အရွယ် Baiiah Michel Amos နဲ့ အသက်(၂၈)နှစ်အရွယ် Sire Leat Mark တို့ဖြစ်ပြီး တောင်ဥက္ကလာပရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ