Local News: ဈေးချိုက ဆိုးဆေးသုံးတဲ့ ဆိုင်တွေကို ပိတ်သိမ်းတဲ့အထိ အရေးယူမယ်

မန္တလေး အဆင့်မြင့်ဈေးချိုမှာ ဆိုးဆေးကင်းစင်နယ်မြေဖြစ်အောင် လုပ်နေတာပါ။

play

 

မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော် ဧရိယာက ဈေးဆိုင်တွေမှာ ကျန်းမာရေးအန္တရာယ်ဖြစ်စေတဲ့ ဆိုးဆေးရောင်းချသူ၊ ဆိုးဆေးအသုံးပြုတဲ့ ဆိုင်တွေကို ဆိုင်ခန်းပိတ်သိမ်းတဲ့ထိ အရေးယူသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ဆိုးဆေးကင်းစင်နယ်မြေအဖြစ် ဆောင်ရွက်နေတဲ့ မန္တလေး အဆင့်မြင့်ဈေးချိုမှာ ဆိုးဆေးအသုံးပြုတာတွေကို လက်ဖက်နဲ့ ငါးပိမှာတွေ့တာ နည်းပါးခဲ့သွားပေမဲ့ မျှစ်နဲ့ ငရုတ်သီးတွေမှာတော့ ဆက်တွေ့နေရတယ်လို့ ဆိုပါတယ်။

‘‘FDA ကစစ်တယ်။ သူတို့ စစ်ဆေးချက်အပေါ် မူတည်ပြီး ကျွန်တော်တို့က ပစ္စည်းသိမ်း တယ်။ ဒဏ်ရိုက်တယ်။ ဒါပေမဲ့ တချို့ဟာတွေက အကြိမ်ရေတွေ များလာပြီ။ ဒါသိသိချည်းနဲ့လုပ် နေတယ်လို့ ယူဆလို့ ပစ္စည်းသိမ်း ဒဏ်ရိုက်နဲ့ကို မရတော့ဘူး။ ဆိုင် ခန်းကို ပိတ်မယ်။ ဆက်လွန်လာ ရင် ဆိုင်ခန်းကို ကော်မတီပိုင် ဆိုင်ခန်းအဖြစ် သိမ်းမယ်’’လို့ မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီဈေးနဲ့ သားသတ်ဌာန ဌာနစုမှူး ဦးဇေယျာငြိမ်းက ပြောပါတယ်။

ဈေးချိုမှာ ဆိုးဆေးအသုံးပြုတဲ့ ငရုတ်သီးမှုန့်ရောင်းတဲ့သူ ၁၅ ဦးကို အောက်တိုဘာ ၂၇ ရက်က ခေါ်ယူတွေ့ဆုံ သတိပေးခဲ့ပြီး ၁၅ ဦးထဲက ကျူးလွန်သူတစ်ဦးကို ကျပ်ငါးသောင်းဒဏ်တပ် အရေးယူခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : Royal Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ