Local News: ရိုက်နှက်မှုကျုးလွန်တဲ့ ဘီအမ်ကားသမားတွေကို ပုဒ်မငါးခုနဲ့ အမှုဖွင့်

ဘဝမြင့်မှတ်တိုင်နားမှာ အငှားယာဉ်ပေါ်က အမျိုးသားနှစ်ဦးကို တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာပါ။

play

 

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက  သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း ဘဝမြင့်မှတ်တိုင်နားမှာ အငှားယာဉ်ပေါ်က အမျိုးသားနှစ်ဦးကို တုတ်တွေနဲ့  ရိုက်နှက်ခဲ့တဲ့ ခရီးသည်တင် ဘီအမ်ယာဉ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မငါးခုနဲ့အမှုဖွင့်ထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ဝိုင်းရိုက်တဲ့အထဲမှာ ယာဉ်မောင်းအပါ ယာဉ်နောက်လိုက် သုံးဦးပါတယ်။ ရန်ဖြစ်ပြီးတော့ သူတို့တွေ အကုန်လုံးပဲ ပဲခူးဘက်ကို ထွက်ပြေးတယ်ဆိုတာ သိရတယ်။ ကဝမြို့နယ်ထဲက အုန္နဲနယ်မြေရဲစခန်းအပိုင်မှာ ၂၈ ရက်က လေးယောက်စလုံး ဖမ်းမိတယ်။ အခုတော့ သင်္ဃန်းကျွန်းစခန်းမှာ စစ်ဆေးနေပါတယ်’’လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

play

 

ပြစ်မှုကျူးလွန်သူလေးဦးစလုံးက ဒဂုံမြို့သစ်တောင်ပိုင်းမှာ နေထိုင်ကြသူတွေဖြစ်ပြီး အငှားကားယာဉ်မောင်းက ပိတ်ရပ်နေသည့် (၁၈၇)ခရီးသည်တင် ဘီအမ်ယာဉ်ကို ပြောဆိုတာကနေ ယာဉ်မောင်းအပါအ၀င်နောက်လိုက် လေးဦးက သံတုတ်၊ သစ်သားတုတ်တွေနဲ့ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူလေးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/ ၅၀၉/၁၁၄ နဲ့ အမှုဖွင့်စစ်ဆေးနေပြီး အများသူငါသွားလာနေတဲ့ လမ်းပေါ်မှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ လက်နက်တွေကိုင်ဆောင်ပြီး တရားဥပဒေစိုးမိုးရေးကို ထိပါးနှောင့်ယှက်လို့ သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရန်ကုန် ရဲအက်ဥပဒေပုဒ်မ ၃၀(က) နဲ့  ထပ်မံအရေးယူထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ