Local News: အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတော့မယ်

, updated

ဆွေးနွေးပွဲတွေအတွက် အဆင်သင့်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပမှာပါ။

play
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေး ကျင်းပနေစဉ်။

 

၂၁ရာစုပင်လုံညီ လာခံရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ အတည်ပြုနိုင်ခဲ့လို့ ငြိမ်းချမ်းရေးအတွက် ရှေ့တစ်လှမ်းတိုးနိုင်ခဲ့တယ်လို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်တွေက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးအပြီးမှာ အခုလိုပြောကြားခဲ့တာဖြစ်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အဆင်သင့်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ  စတင်ကျင်းပနိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

play

 

‘‘အားလုံးဆွေး နွေးတဲ့ရလဒ်က ဒီနေ့မှာဆိုရင် ဆုံး ဖြတ်ချက် ကိုးချက်နဲ့ မှတ်တမ်းခုနစ်ချက်ကို အောင်မြင်စွာရရှိ လာခဲ့ပါပြီ။ အထူးသဖြင့် ကျွန် တော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ကို မဖြစ်မနေသွားရမယ့်အမျိုး သားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အတွက်ကို အခုတော်တော်များများ ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက် ရှေ့ခြေလှမ်းကိုတိုးနိုင်ခဲ့ပြီဖြစ်ပါတယ်’’လို့ UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကိုလာမယ့် နိုဝင်ဘာလမှာ ဆောင်ရွက်ဖို့ ရည်ထားတယ်လို့ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ UPDJC အစည်းအဝေး ပထမနေ့မှာ ပြောကြားထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ