Local News: မုံရွာက နှစ်လောင်းပြိုင်လူသတ်မှုဖြစ်တဲ့ အိမ်မှာ မူးယစ်ဆေးဝါးတွေ တွေ့

ခုံတန်းရှည်အောက်မှာ သွေးတွေ ပေကျံနေတဲ့ ‘‘555’’ တံဆိပ်ပါ အပြာရောင်ဘူးနဲ့ ဖုံးအုပ်ထားတဲ့ ပလတ်စတစ်ဘူးတစ်ဘူးအတွင်း WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၈၄ ပြားကို တွေ့ခဲ့တယ်။

play

 

မုံရွာမြို့ ကံသာဦးရပ်ကွက် သမာဓိလမ်းက နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးရာမှာ  မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မှုခင်းနဲ့ပတ်သက်တဲ့ သဲလွန်စအထောက်အထားတွေ ရရှိဖို့အတွက် အောက်တိုဘာ ၂၉ ရက်က အသေးစိတ်ရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တာလည်း ဖြစ်ပါတယ်။ 

လေအေးပေးစက်တပ်ဆင်ထားတဲ့ ခုံတန်းရှည်အောက်မှာ သွေးတွေ ပေကျံနေတဲ့ ‘‘555’’ တံဆိပ်ပါ အပြာရောင်ဘူးနဲ့ ဖုံးအုပ်ထားတဲ့ ပလတ်စတစ်ဘူးတစ်ဘူးအတွင်း WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၈၄ ပြား (၁၈ ဒသမ ၄ ဂရမ်ရှိ တန်ဖိုး ၉၂၀,၀၀၀ ကျပ်)၊ ဆပ်ပြာခွက်အတွင်းမှ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့်တွေကို ပလတ်စတစ်အိတ်နဲ့ထည့်ပြီး ၁၀ ဂရမ်ခန့် (ကာလတန်ဖိုး ကျပ် ၁၀ သိန်းခန့်)၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ငွေစက္ကူ၁၄၅,၀၀၀ ကျပ်ကို သိမ်းဆည်း ရမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးရောင်းချဖို့  လက်ဝယ်ထားရှိမှုနဲ့ သေဆုံးသူ လင်မယားနှစ်ဦးစလုံးကို အမှုဖွင့် ထားတယ်လို့  မုံရွာမြို့နယ်မြေ ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ရဲအောင်က ပြောထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ