Local News: မြန်မာနိုင်ငံဘက်က ပြန်လာတဲ့ အကြမ်းဖက်သမားလေးဦး ဘင်္ဂလားဒေ့ရှ်မှာဖမ်းမိ

အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီလောက်မှာ ဖမ်းမိခဲ့တာပါ။

play

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂျွိုင်ဒက်ဗ်ပူဒေသ နန်ဒုန်းမြို့မှာ  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကပြန်လာတဲ့ စစ်သွေးကြွတဦးအပါဝင် ဘင်္ဂလားဒေ့ရှ် ဟူဂျစ်အဖွဲ့ဟာရ်ကာတုလ် ဂျီဟတ် အယ်အစ္စလာမီရဲ့အဖွဲ့ဝင်တွေလို့ သံသယရှိသူ လေးဦးကို ဘင်္ဂလားဒေ့ရရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သမားတွေကို လူမနေတဲ့ အဆောက်အဦးတခုထဲမှာ လက်လုပ်ဗုံးတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ ဓားတွေနဲ့ နိုင်ငံရေးလူမှုရေး ဝါဒဖြန့်ချိတဲ့ စာအုပ်တွေနဲ့အတူ ဖမ်းမိခဲ့တာလို့ အောက်တိုဘာလ ၂၇ ရက်နေ့က ည ၈ နာရီလောက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ လေးဦးက ဂါဇီပူမြို့မှာ နေထိုင်တဲ့ ခိုင်ရူလ်အစ်စလမ် အသက် (၂၆) နှစ်၊ ဘစ်ရှ်ဝက်စ်ဘက်ကာအက်ပူကာရွာမှာ နေထိုင်တဲ့ အမီနယ်လ်ဟူ (၄၉) နှစ်၊ ကမ်မာပါရာ ရွာသား ရှာဟစ်ဒ်အူလာ (၄၃) နှစ်၊ ဆွိုဒ်ပါရာရွာသား ဂိုလမ်ကီဘရိုင်ရာခန် အသက် (၂၅) နှစ်တို့ ဖြစ်တယ်လို့ ဂါဇီပူရဲ့ ရဲအရာရှိ မိုဟာမက်ဟာရန်က ပြောပါတယ်။

ခိုင်ရူလ်နဲ့ ကီဘရိုင်ရာတို့ နှစ်ဦးစလုံးက ဂါဇီပူမြို့ အစ္စလာမ္မစ် နည်းပညာတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တဲ့ အင်ဂျင်နီယာ နှစ်ဦးဖြစ်ပြီး ရှာဟစ်အူလာကတော့  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မကြာသေးခင်ကမှ ပြန်လာခဲ့တဲ့ စစ်သွေးကြွတစ်ယောက်ဖြစ်တယ်လို့ ရဲအရာရှိ မိုဟာမက်က ပြောပါတယ်။

Source & Photo : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ