Local News: မြန်မာဘက်က မူးယစ်ထုတ်လုပ်မှုတွေကို ဖျက်သိမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

  ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

play

 

 မြန်မာနိုင်ငံအတွင်းက  မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ နေရာတွေကို ဖျက်သိမ်းပေးဖို့ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က အောက်တိုဘာလ ၂၉ ရက်နေ့မှာ မြန်မာအစိုးရကို တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေက ရေးသားဖော်ပြနေကြောင်း VOA ရဲ့ သတင်းတစ်ရပ်က ရေးသားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွေရဲ့ ဒဏ်ကို ခံနေရတာကြောင့် အခုလိုတောင်းဆိုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်ခြင်း မရှိပေမယ့် နိုင်ငံအတွင်းက ပြည်သူပြည်သားတွေဟာ အိမ်နီးချင်းနိုင်ငံဘက်ကနေ နယ်စပ်ဖြတ်ကျော် မူးယစ်မောင်ခိုတွေရဲ့ဒဏ်ကို ခံနေကြရတယ်လို့ သီရိလင်္ကာနိုင်ငံမှာ ကျင်းပနေတဲ့ အိန္ဒိယသမုဒ္ဒရာဝန်းကျင် နိုင်ငံများဆိုင်ရာ ပြည်ထဲရေးဝန်ကြီးတွေရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားထားတာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

 မူးယစ်ဆေးဝါးတွေကို မြန်မာနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စစ်တကောင်းဒေသကို ဖြတ်ကျော် သယ်ဆောင်လာကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: VOA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ