play

 

လွတ်လပ်ရေးရပြီးတဲ့အချိန်ကနေ ဒီနေ့ခေတ်အထိ ဖြစ်ရပ်တွေကို သမိုင်းအမှန်ပြုစုနိုင်ဖို့ မြန်မာသမိုင်းအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း နေတယ်လို့ အောက်တိုဘာ ၂၉ရက်က ရန်ကုန်မြို့ အမျိုးသားစာကြည့်တိုက်မှာ ပြုလုပ်တဲ့ မြန်မာသမိုင်းအဖွဲ့ပြန်လည်ဖွဲ့စည်းရေး အစည်းအဝေးမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။

‘‘ကျွန်တော်တို့မြန်မာသမိုင်း အဖွဲ့အနေနဲ့ သမိုင်းကိုပြုစုရေး သားတဲ့နေရာမှာ ပကတိဖြစ်ရပ် မှန်အတိုင်းရေးသားဖို့ အလေးထားတိုက်တွန်း ရတာဟာ ပြည်သူ ပြည်သားတွေနဲ့ နောက်မျိုးဆက်သစ်လူငယ်တွေ သင်ခန်းစာရယူ နိုင်ဖို့နဲ့ နောင်အလားတူအမှားမျိုး ထပ်မံမကြုံတွေ့ ရအောင် အာဏာရှင်စနစ်ထပ်မံပေါ်ထွန်းလာ မှုမရှိစေရန်ဖြစ်ပါတယ်’’လို့ သူရဦးအောင်ကိုက ပြောပါတယ်။

ဒီအဖွဲ့ကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဒေါက်တာတိုးလှ၊ ဒေါက်တာသော်ကောင်း စတဲ့ ပညာရှင်တွေအပါအ၀င် အဖွဲ့ဝင် ၁၆ ဦးနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး လုပ်ထုံးလုပ်နည်းတွေအရ အစိုးရအဖွဲ့အစည်းအဝေးကို တင်ပြအတည်ပြုချက်ရယူပြီး လွှတ်တော်ကိုလည်း တင်ပြကာ အတည်ပြုချက်ရယူသွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : RFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video