Local News: မောင်တောဒေသမှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးမယ်

ဒေသန္တရရဲသင်တန်းကို စစ်တွေမြို့မှာ နိုဝင်ဘာလအတွင်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

play
မောင်တောဒေသတွင် လုံခြုံရေး ရယူနေသည့် ရဲတပ်ဖွဲ့ဝင်များ။

 

နယ်ခြားစောင့်ရဲစခန်းတွေကို အကြမ်းဖက်စီးနင်းမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာနေတဲ့ တိုင်းရင်းသားတွေကို ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် ဖွဲ့စည်းတာဝန်ပေးသွားပြီး လက်နက်တွေတပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

ဒေသန္တရရဲသင်တန်းကို လာမယ့်နိုဝင်ဘာလအတွင်း စစ်တွေမြို့မှာဖွင့်လှစ်သွားမယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေ၊ လုံခြုံရေးတာဝန်ယူထားကြသူတွေနဲ့ မောင်တောမြို့ခံတွေနဲ့ တွေ့ဆုံတုန်းမှာ ပြောခဲ့ပါတယ်။

play

 

ဒေသခံတိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ကျေးရွာတွေကို မိမိတိုကိုယ်တိုင် ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒေသန္တရရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေတာဖြစ်ပြီး သင်တန်းဆင်းပြီးတဲ့အချိန်မှာ ဒေသခံတပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းတွေတပ်ဆင်ပေးပြီး ဥပဒေနှင့်အညီ မိမိဒေသ၊ မိမိရပ်ရွာတွေမှာ ပြန်လည် တာဝန်ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးရင် အစိုးရက ရွာတစ်ရွာကို ပျမ်းမျှ လက်နက် ၁၀ လက်စီ တပ်ဆင်ပေးမယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ဒေသခံတွေက ပြောပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ