play
၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို သွားရောက်ခဲ့စဉ်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ကိုလိုက်ပါမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို လူရွေးပြီးဖိတ်ကြားခဲ့လို့ လုပ်ငန်းရှင်တွေက စီမံကိန်းနဲ့  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဝေဖန်နေကြတယ်လို့ သိရပါတယ်။

ခရီးစဉ်အတွက် မြန်မာနိုင်ငံကုန်သည်တွေနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အပါအဝင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့လို့ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေကို မဖိတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေကိုပဲ လူရွေးဖိတ်ခဲ့လို့ အခုလိုဝေဖန်မှုတွေ ထွက်ပေါ်လာတာပါ။

play

 

ဒီလိုဖိတ်ကြားခဲ့တာကြောင့် အစိုးရကြွေးကြော်နေတဲ့ ပွင့်လင်းမြင်သာမှုနဲ့ တန်းတူအခွင့်အရေးရရှိတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်စရာဖြစ်နေတယ်လို့ စီးပွား ရေးလုပ်ငန်းရှင်တချို့က ပြောခဲ့ပြီး အစိုးရအနေနဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ရာမှာ သတ်မှတ်ချက်အတိုင်းခေါ်ယူခြင်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုဝင်ဘာ ၁ ရက်ကနေ ၅ ရက်အထိ ဂျပန်နိုင်ငံကို သွားရောက်ကာ ဂျပန်ဘုရင်မင်းမြတ် အပါအဝင် ဂျပန်အစိုးရအဖွဲ့ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : gettyimages,rfa

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video