Local News: မဟာချိုင်က ကြက်သားစက်ရုံမှာ ဂက်စ်ပိုက်ပေါက် မြန်မာလုပ်သား ၅၀ ကျော် ဆေးရုံရောက်

ဂက်စ်အနံ့ ရှူမိပြီး မူးမေ့ လဲကျကုန်တာလို့ ဆိုပါတယ်။

play

 

အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာရှိတဲ့ KL ရပ်ကွက်က မြန်မာအလုပ်သမား ၃၀၀ ကျော် အလုပ်လုပ်နေတဲ့ Intersia ကြက်သားစက်ရုံတစ်ခုမှာ ဂက်စ်ပိုက်လိုင်းပေါက်ခဲ့လို့ မြန်မာအလုပ်သမား ၅၀ ထိခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာဖြစ်တာ၊ ကြက်သားရုံက ဂက်စ်ပိုက်လိုင်းပေါက်ပြီး ဂက်စ်အနံ့ ရှူမိတဲ့ မိန်းကလေးတွေ မူးမေ့ပြီး လဲကျကုန်တာ။ ကြက်သားပါကင်ပိတ်တဲ့ အခန်းမှာဖြစ်တာ။ အဲဒီမှာ မြန်မာအလုပ်သမား ၇၀ ကျော်ရှိတယ်၊ ထိုင်းက လေးငါးခြောက်ဦးလောက်ရှိတယ်၊ ဆေးရုံပို့လိုက်ရတာ ၅၀ ကျော်တယ်။ ထိုင်း ၄-၅ ဦးလည်း ပါတယ်” လို့ ထိုင်းနိုင်ငံအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီင်္ (အေအေစီ) က ကိုရဲမင်းကပြောပါတယ်။

ဆေးရုံတက်ကုသလိုက်ရတဲ့ မြန်မာအလုပ်သမားတွေက တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့ကနေလာတဲ့သူ အများစုဖြစ်ပြီး မဟာချိုင်က စမွတ်စာခွန်ဆေးရုံကြီးနဲ့ ဝီချိုင်းဝေ့ဆေးရုံ နှစ်ခုမှာ ကုသမှုခံယူခဲ့ကာ ဒီနေ့မှာတော့ အသက်ရှူကျပ်နေကြတဲ့ ငါးဦးလောက်ပဲ ဆေးရုံမှာ ကျန်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။

Source & Photo : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ