Local News: ကွမ်းလုံမှာ ကျပ်သိန်းခုနစ်သောင်း တန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းမိ

ဘိန်းဖြူမှုန့် ၂၉၈.၈ ကီလိုနဲ့ ဘိန်းညိုမှုန့် ၂၀၀ ကီလို ဖမ်းမိခဲ့တာပါ။

play

 

အောက်တိုဘာလ ၂၉ ရက်မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မှာ ငွေကျပ်သိန်းခုနစ်သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကွမ်းလုံကြိုးတံတားနားမှာ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ အမျိုးသားနှစ်ဦးကို ဘိန်းဖြူမှုန့် ၂၉၈.၈ ကီလိုနဲ့ ဘိန်းညိုမှုန့် ၂၀၀ ကီလို ကို ပီနံအိတ် ၃၃ အိတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကွမ်းလုံမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးအောင်မြတ်မိုးက RFA သတင်းဌာနကို ပြောခဲ့ပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေကို ကွမ်းလုံမြို့နယ် နားသီးကျေးရွာကနေ လောက်ကိုင်ဘက်ကို သယ်ယူဖို့ထွက်လာတာလို့ စစ်ဆေးချက် တွေအရ သိထားရပြီး လက်ရှိမှာတော့ သယ်ဆောင်လာသူတွေကို မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source & Photo : RFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ