Local News: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ လုပ်ငန်းရှင်တစ်ဦးမှ မပါဝင်ကြောင်း သမ္မတရုံးတာဝန်ရှိသူ ပြော

သတင်းထုတ်ပြန်ရေး အပါအဝင် စုစုပေါင်း ၁၉ ဦးသာ လိုက်ပါမှာ ဖြစ်ပါတယ်။

play

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်မှာ မဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်တဲ့ ခရီးစဉ်မှသာ စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်ပါမှာ ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်တယ်လို့ သိရပါတယ်။

ဦးကျော်ဝင်းရဲ့ ခရီးစဉ်ဟာ  ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီးမှ စမှာဖြစ်ပြီး မဆိုင်ဘူးလို့ ပြောကြားထားတာ ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ အစိုးရ အဖွဲ့မှ ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အစိုးရအရာရှိများ၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေး အပါအဝင် စုစုပေါင်း ၁၉ ဦးသာ လိုက်ပါမှာ ဖြစ်ပါတယ်။

 ဒါပေမဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့အတူ လိုက်ပါမယ့် ပြည်ထောင်စုဝန်ကြီးတွေထဲမှာတော့ ဦးကျော်ဝင်းပါဝင်မှာ ဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ