Local News: ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံး သုံးရက်အတွင်းဖြစ်လာနိုင်တယ်လို့ဆို

နောက်ထပ် ၄၈ နာရီကနေ ၇၂ နာရီအတွင်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ နောက်ထပ် ၄၈ နာရီကနေ ၇၂ နာရီအတွင်း မုန်တိုင်းတစ်လုံးဖြစ်လာနိုင်တယ်လို့ မိုးလေ၀ပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲလူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

"ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကို ဖြတ်သန်းလာတဲ့ အရှေ့လေပွလှိုင်းတစ်ခုကြောင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဒီနေ့နေလည်ပိုင်း (၁၂း၃၀)နာရီကနေ နောက် (၄၈-၇၂)နာရီအတွင်း မုန်တိုင်းငယ်တစ်လုံး ဖြစ်လာနိုင်ပါတယ်"လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက နောက်ထပ် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ သိရပြီး မြန်မာနိုင်ငံထဲက ဒေသအနှံ့အပြားမှာ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Source & Photo : U Tun Lwin Facebook,DMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ