Local News: လေဖြတ်ပြီး ဆေးရုံရောက်လာတဲ့ လူနာပိုများလာ

လွန်ခဲ့တဲ့ငါးနှစ်နဲ့ နှိုင်းယှဉ်ရင် ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

play

 

လွန်ခဲ့တဲ့ ဆယ်လအတွင်း ရန်ကုန်ဆေးရုံကြီးကို ရောက်လာတဲ့ လေဖြတ်လူနာ ငါးထောင်ကျော်ရှိပြီး လွန်ခဲ့တဲ့ငါးနှစ်နဲ့ နှိုင်းယှဉ်ရင် ပိုမိုများပြားလာတယ်လို့  လေ့လာသုတေသနပြုခဲ့တဲ့ ဦးနှောက်နဲ့ အာရုံကြောရောဂါပညာဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်က ပြောပါတယ်။

"ရန်ကုန်မှာတောင် ဆယ်လအတွင်း လေဖြတ်လူနာ ၅၀၀၀၊ ၆၀၀၀ ဒီလောက်ဖြစ်တာဆိုရင် ကျန်တဲ့မြောက်ဥက္ကလာပ ဆေးရုံမျိုးတွေမှာလည်း အဲဒီလောက်နီးနီး ရှိနိုင်တယ်။ ဒါတောင် ပုဂ္ဂလိကဆေးရုံတွေမှာလာတဲ့ လူနာစာရင်း မရသေးဘူး’’လို့ ဒေါက်တာဝင်းမင်းသစ်က ပြောပါတယ်။

play

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ မှတ်တမ်းတွေအရ ၂၀၁၁ ခုနှစ်က ရန်ကုန်ဆေးရုံကြီးကိုရောက်လာတဲ့ လေဖြတ်လူနာ ၁၅၀၀ လောက်ရောက်ရှိခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ပထမ ဆယ်လအတွင်း လူနာ ၅၈၈၇ ဦးအထိရှိနေတယ်လို့ သိရပါတယ်။

ဒီလိုရောက်ရှိလာတဲ့ လူနာတွေထဲမှာ ဦးနှောက် သွေးကြောပေါက်ပြီး လေဖြတ်တဲ့ လူနာက ၄,၀၀၀ ကျော်ရှိပြီး ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တဲ့ လူနာက ၁,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနှုန်း အများဆုံးရောဂါတွေထဲမှာ လေဖြတ်ရောဂါက နံပါတ်တစ်အဆင့်မှာ ရှိနေတယ်လို့ ၂၀၁၀ ခုနှစ်က Global Burden Diease (GBD) က ထုတ်ပြန်ခဲ့တဲ့ ရောဂါအခြေအနေ စစ်တမ်းတွေအရ သိရပါတယ်။

Source & Photos : 7DayDaily,Medscape

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ