Local News: ဒီချုပ်အစိုးရအဖွဲ့ အောက်ခြေလွတ်ဘဝင်မြင့်ရင် လူထုဒဏ်ခတ်ခြင်းခံရမယ်လို့ ပါတီခေါင်းဆောင်တွေ ပြောကြား

နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးဝင်းထိန်တို့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရွေးချယ်ထားတဲ့ အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ပါတီဝင်တွေဟာ ပြည်သူတွေကို  စိတ်ပျက်အောင်မလုပ်ဖို့နဲ့ အောက်ခြေလွတ်၊ ဘဝင်မြင့်နေရင် ပြည်သူလူထုရဲ့ ဒဏ်ခတ်ခြင်းကို ခံရမယ်လို့ ပါတီခေါင်းဆောင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမအကြိမ်မြောက် တိုင်း၊ ခရိုင်၊ မြို့နယ်များစုံညီတွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ စကိုင်းစတားဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ပါတီခေါင်းဆောင်တွေဖြစ်တဲ့  နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးဝင်းထိန်တို့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဆောင်ရွက်ချက်တွေမှာ ပြည်သူလူထုအော့နှလုံးနာဖွယ်၊ စိတ်ပျက်ဖွယ် အလုပ်တွေကို  အဖွဲ့ဝင်တွေက တစိုးတစိမျှ မလုပ်မိစေဖို့နဲ့ အဖွဲ့ဝင်တစ်ဦးနဲ့တစ်ဦးအကြား အချင်းချင်းအကြံပေးခြင်း၊ သတိပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတွေနဲ့ လုပ်ဆောင်ဖို့ ဦးတင်ဦးက သတိပေးခဲ့ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ