Local News: ကျိုက်ထီးရိုးဘုရားရင်ပြင်မှာ အခမဲ့တည်းခိုနိုင်တဲ့နေရာတွေ သတ်မှတ်

ဓမ္မာရုံငါးခုကို ဘုရားဖူးတွေ အခမဲ့တည်းခိုနိုင်ဖို့ သတ်မှတ်ခဲ့တာပါ။

play

 

ကျိုက်ထိုမြို့ ကျိုက်ထီးရိုး ဘုရားရင်ပြင်တော် ပရ၀ဏ်ထဲက တိဿဓမ္မာရုံ၊ ဆီမီး ၉၀၀၀ ဓမ္မာရုံ၊ ပြည့်စုံ(ရင်ပြင်တော်)၊ ပြည့်စုံ (မုဆိုးတောင်)နဲ့ သုံးထပ်ဓမ္မာရုံ စတဲ့ ဓမ္မာရုံငါးခုကို ဘုရားဖူးတွေအခမဲ့တည်းခိုနိုင်တဲ့ နေရာတွေအဖြစ် ဂေါပကအဖွဲ့က သတ်မှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

‘‘အခမဲ့တည်းခိုဆောင်ကို ကျွန်တော်တို့ ဂေါပကအသစ် လက်ထက်မှာ နေရာသတ်မှတ် ထားပေးတာပါ။ အခမဲ့လို့ သတ်မှတ်ပေမဲ့ ခေါင်းအုံးတို့၊ စောင်တို့တော့ ငှားရမယ်။ နေရာကို သပ်သပ်ရပ်ရပ် လုပ်ထားပါတယ်။ သန့်ရှင်းရေးသမားတွေလည်း ခန့်ထားတယ်။ ပိုက်ဆံပေးရတဲ့နေရာက အနည်းဆုံး ငါးထောင်သတ်မှတ်ထားတယ်။ အဲဒီနေရာက စောင်တို့၊ ခေါင်းအုံးတို့ ငှားစရာမလိုဘူး’’လို့ ဂေါပကအဖွဲ့ဝင် ဦးစိန်မြင့်က ပြောပါတယ်။

play

 

သုံးထပ်ဓမ္မာရုံ(ဒုတိယထပ်)မှာ တစ်ခန်းကို ကျပ်တစ်သောင်း၊ ပေ ၄၀ ဓမ္မာရုံတစ်ခန်းကို ကျပ်ငါးထောင်၊ ပွင့်ထူး တည်းခိုဆောင် တစ်ခန်းကို ကျပ်ငါးထောင်၊ သုံးထပ်ဓမ္မာရုံတစ်ခန်းကို ကျပ်ငါးထောင်၊ ဂေါပကဓမ္မာရုံတစ်ခန်းကို ကျပ်တစ်သောင်းကနေ တစ်သောင်းခွဲ၊ ၀င်းတည်းခိုဆောင်တစ်ခန်းကို ကျပ်ငါးထောင်နဲ့  ကြူကြူဝင်း တည်းခိုဆောင်တစ်ခန်းကို ကျပ်ငါးထောင်ပဲကောက်ခံဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခကြေးငွေနဲ့ တည်းခိုနိုင်တဲ့ နေရာတွေလည်းရှိပြီး ဈေးနှုန်းတွေကို  အသီးသီးသတ်မှတ်ပေးထားကာ ထမင်းဆိုင်တွေမှာလည်း ဘုရားဖူးသူတွေကို အခမဲ့တည်းခိုခွင့်ပြုဖို့  စည်းကမ်းတွေ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : travelpic,go myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ